CDMA 800MHz ဖုန်းလိုင်းကတ်များ ရန်ကုန်မြို့အတွက် ထပ်မံချထားပေးသည့်
သတ်မှတ်အလုံးရေ တစ်သောင်းပြည့်မီသွားသည့်အတွက် ထပ်မံချထားပေးခြင်း
မရှိတော့ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ
သိရသည်။
အဆိုပါ CDMA 800MHz နှင့် 450 MHz ဖုန်းလိုင်းကတ်များအား စက်တင်ဘာလ
၃၀ရက်နေ့၌ ရန်ကုန်မြို့အပါအ၀င် နယ်ဒေသများ၌ ထပ်မံချထားပေးခဲ့ခြင်းဖြစ်ပြီး
One Stop Service စနစ်ဖြင့် အောက်တိုဘာလ ၄ ရက်နေ့တွင် ရတနာပုံတယ်လီပို့
ကုမ္ပဏီလိမိတက်၊ Elite Tech နှင့် Asia Mega Link တို့မှ
ရောင်းချပေးခဲ့ကြောင်း သိရသည်။
''အခုတစ်ခေါက် CDMA 800MHz တွေ ပြန်ချပေးတဲ့အထဲမှာ ရန်ကုန်ကို
အများကြီးထပ်မချပေးပါဘူး။ အလုံးရေတစ်သောင်း သတ်မှတ်ထားပေမယ့်
တစ်သောင်းကျော်တောင် ထပ်ချပေးခဲ့တာပါ။ အဓိကက အခုတစ်ခေါက် နယ်တွေကိုပဲ
ဦးစားပေးပြီး ချပေးတာပါ။ နယ်တစ်မြို့စီကို ပျမ်းမျှ အလုံးရေ ၃၀၀၀၊ ၅၀၀၀
နီးပါးချပေးနေပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
အဆိုပါ CDMA 800MHz ဖုန်းများအား မြို့ကြီးများဖြစ်သည့် ရန်ကုန်၊
မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ ပြည်၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်မြို့များတွင် ၎င်း
800MHz ကွန်ရက်ဖြင့်ပင် အောက်တိုဘာလမှ စတင်အသုံးပြုနိုင်ခဲ့ပြီး
အခြားနယ်မြို့များတွင်မူ CDMA 450MHz ကွန်ရက် သုံး ဟန်းဆက်များဖြင့် 800MHz
Sim Card ကို လဲလှယ်အသုံးပြုနိုင် သည်ဟု သိရသည်။
No comments:
Post a Comment