Sunday, November 20, 2011
မြန်မာကို အာဆီယံဥက္ကဋ္ဌရာထူး​ ၂၀၁၄ မှာ ယူဖို့အာဆီယံ နိုင်ငံခြား​ရေး​ဝန်ကြီး​တွေက သ​ဘောတူ​ထောက်ခံလိုက်ကြပြီ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3g0lKyZGPoT55MkTwBDb4m2NFDNZiSdbeJFLKU4CVUtncLeWHfk26u3-794DPse8TFLYIVHDdN_fa94aBDgIcDu65IAVWdoRmGIyWnjUj_3bbznGHAWfOs7lipg7va21u6It7rVKpZwMg/s1600/asean1-300x232.jpg
မြန်မာကို အာဆီယံဥက္ကဋ္ဌရာထူး​ ၂၀၁၄ မှာ ယူဖို့​ အာဆီယံ
နိုင်ငံခြား​ရေး​ဝန်ကြီး​တွေက သ​ဘောတူ​ထောက်ခံလိုက်ကြပါပြီ။
အင်ဒိုနီး ​ရှား​နိုင်ငံ ဘာလီကျွန်း​မှာ ဒီ​နေ့​ စတင်ကျင်း​ပတဲ့​ ၄၄
ကြိမ်​မြောက် နိုင်ငံခြား​ရေး​ဝန်ကြီး​များ​ အစည်း​အ​ဝေး​မှာ 
သ​ဘောတူလိုက်ကြတာပါ။
အာဆီယံဥက္ကဋ္ဌတာဝန်ကို အဖွဲ့​ဝင်နိုင်ငံ ​တွေက 
အင်္ဂလိပ်အက္ခရာစဉ်အတိုင်း​ အလှည့်​ကျ တာဝန်ယူရမြဲဖြစ်
ပါတယ်။၂၀၁၄ခုနှစ်မှာလာအို အလှည့်​ကျ​ပေမယ့်​ မြန်မာ
အစိုး​ရက ညှိနှိုင်း​ယူလိုက်တာဖြစ်ပါတယ်။
အာဆီယံ ဥက္ကဋ္ဌရာထူး​ယူတဲ့​နိုင်ငံက ယူရတဲ့​တာဝန်​တွေ
ထဲမှာ အာဆီယံ ထိပ်သီး​အစည်း​အ​ဝေး​ အပါအဝင် 
အစည်း​ဝေး​တွေကို လက်ခံကျင်း​တာလည်း​ ပါဝင်ပါတယ်။
မြန်မာ့ ​အ​ရေး​ ​ဆောင်ရွက် ​နေတဲ့​ အာဆီယံ ပါလီမန်
အမတ်များ​အဖွဲ့​ (AIPMC) က​တော့​ မြန်မာနိုင်ငံမှာ ထင်ရှား​တဲ့
ပြောင်း​လဲမှု​တွေ ဖြစ်​ပေါ်လာတဲ့​ထိ ​စောင့်​ကြည့်​ပြီး​ မြန်မာအစိုး​ရကို
အာဆီယံဥက္ကဌရာထူး​ မ​ပေး​သေး​ဖို့​ ​တောင်း​ဆိုထား​ပါတယ်။
တိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ ပဋိပက္ခစစ်ပွဲ​တွေ ဖြစ်ပွား​နေတာ၊
နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်ဖို့​ ကျန်​နေ​သေး​တာ စတဲ့​အ
ချက်​တွေကို (AIPMC) က ​ထောက်ပြပါတယ်။
လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ​ အင်ဒိုနီး​ရှား​နိုင်ငံရဲ့​ နိုင်ငံခြား​ရေး​ဝန်ကြီး
ဒီမိုက​ရေစီလမ်း​ပြ​မြေပုံကို လက်​တွေ့​ လုပ်​ဆောင်​နေတယ်၊​ တိုး​တက်မှု​တွေ
တွေ့​နေရပြီ၊​ မြန်မာနိုင်ငံမှာ လက်ရှိဖြစ် ​ပေါ်​နေတဲ့​ တိုး​တက်မှု​တွေကို 
နိုင်ငံတကာက အသိအမှတ်ပြုဖို့​လိုတယ် စသဖြင့်​ သတင်း​ထောက်​တွေကို
ပြောကြား​ပါတယ်။
အ​ခြေအ​နေကို ​လေ့​လာဖို့​ အင်ဒိုနီး​ရှား​ နိုင်ငံခြား​ရေး​ဝန်ကြီး​ဟာ အရင်
လကမြန်မာနိုင်ငံကို သွား​ရောက်ပြီး​ သမ္မတဦး​သိန်း​စိန် အပါအဝင်
အစိုး​ရတာဝန်ရှိသူ​တွေ၊​ မြန်မာ့​ဒီမိုက​ရေစီ ​ခေါင်း​ဆောင် 
ဒေါ်​အောင်ဆန်း​စုကြည်၊​ နိုင်ငံ​ရေး​အင်အား​စု​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
မြန်မာအစိုး​ရက အာဆီယံဥက္ကဋ္ဌ​နေရာအတွက် ကြိုး​ပမ်း​နေတာဟာ 
နိုင်ငံတကာ အသိအမှတ်ပြုတာကို လိုချင်လို့​ပဲလို့​ နိုင်ငံ​ရေး​သမား​တချို့​က
ဝေဖန်ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့​ အလှည့်
ကျခဲ့​ပေမယ့်​ အဲဒီတုန်း​က မြန်မာစစ်အစိုး​ရရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု
မှတ်တမ်း​နဲ့​ ဒီမိုက​ရေစီ​ဖော်​ဆောင်​ရေး​ ​နှေး​ကွေး​မှုတို့​ကြောင့်​ အ​နောက်
နိုင်ငံ​တွေက ဖိအား​ပေး​လို့​ အဲဒီအခွင့်​အ​ရေး​ကို လက်လွှတ်ခဲ့​ပါတယ်။
အာဆီယံ (အ​ရှေ့​တောင်အာရှနိုင်ငံများ​အသင်း​) မှာ ဘရူနိုင်း​၊​ က​မ္ဘောဒီး​ယား​၊
ဗီယက်နမ်နိုင်ငံတို့​ ပါဝင်ပါတယ်။
No comments:
Post a Comment