Sunday, November 20, 2011

မြန်မာပြည်ကြီး ဘုန်းတန်ခိုးကြီးလို့ ဆင်ဖြူတော်နှစ်ကောင်ထပ်မံရရှိ

 w78_19


မြန်မာနိုင်ငံ၏ ဆဌမမြောက်နှင့် သတ္တမမြောက် ဆင်ဖြူတော်များ ဖြစ်ကြသော 
ဟေမ၀တီနှင့်ငွေဆဒ္ဒန်ဆင်ဖြူနှစ်စီးနိုဝင်ဘာလ၂၀ရက်နေ့ညနေလေးနာရီခန့်က 
နေပြည်တော်သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။
အဆိုပါဆင်ဖြူများကိုရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ၂၀၁၁
 ခုနှစ်အောက်တိုဘာလအတွင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီးနေပြည်တော်ရှိ
 ဥပ္ပါတသန္တိ စေတီတော်ပရ၀ုဏ်အတွင်း ထားရှိကာ အများပြည်သူ ကြည့်ရှုနိုင်ရန်
နေပြည်တော်သို့ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဟေမ၀တီဟု အမည်ပေးထားသည့် ဆင်ဖြူတော်မှာ အမဖြစ်ပြီး ငွေဆဒ္ဒန်ဟု 
အမည်ပေးထားသည့် ဆင်ဖြူတော်မှာ အထီးဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းမှ ဖမ်းဆီးရမိသည့်ဆင်ဖြူတော်၏ အရောင်မှာ ပန်းရောင်
ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ဖမ်းဆီးရမိသည့် ဆင်ဖြူတော်၏ အရောင်
မှာ ပန်းနုရောင်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင်မြန်မာနိုင်ငံတွင်ဆင်ဖြူတော်ခုနစ်စီးရှိပြီးရန်ကုန်တိုင်းဒေသကြီးရှိ
ကျောက်တော်ကြီးဘုရားအနီးတွင်ဆင်ဖြူသုံးစီးကိုလည်ကောင်း၊နေပြည်တော်ရှိ
ဥပ္ပါတသန္တိစေတီတော်ပရ၀ုဏ်တွင်ဆင်ဖြူတော်လေးစီးကိုလည်းကောင်းအသီးသီး
ပြသထားပြီကြောင်း သိရသည်။
ရန်ကုန်မြို့တွင်ထားရှိသည့် ဆင်ဖြူတော်များမှာ ရာဇဂဟ သီရိ ပစ္စယဂဇရာဇာ အမည်ရှိ 
ဆင်ဖြူတော်၊သိင်္ဂီမာလာအမည်ရှိဆင်ဖြူတော်၊ရတီမာလာအမည်ရှိဆင်ဖြူတော်တို့
ဖြစ်ကြပြီး နေပြည်တော်တွင်ရှိသည့် ဆင်ဖြူများမှာ ဘဒ္ဓ၀တီအမည်ရှိ 
ဆင်ဖြူတော်၊ နန္ဒ၀တီအမည်ရှိ ဆင်ဖြူတော်၊ ဟေမ၀တီအမည်ရှိ ဆင်ဖြူတော်၊ ငွေဆဒ္ဒန်
အမည်ရှိ ဆင်ဖြူတော်တို့ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment