Sunday, November 13, 2011

သားဖွားခြင်းအလုပ်ကို ယောကျာ်းတွေ လည်းလုပ်နေကြပါပြီ။


ဟုတ်မဟုတ်တော့မသိဘူးနော်။        ။
ဖြစ်နိုင်တယ်ထင်တယ်.....................

ပုံမှာမြင်ရတဲ့ အတိုင်းပါပဲ သောမတ်စ်ဘီတီဟာ ယောကျာ်းတစ်ဦး
ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် ကလေးမွေးဖွား ခဲ့ရာ မှာ တစ်ကြိမ်မကတော့ပါဘူး။
ကလေး (၃)ဦးတောင်မွေးဖွားခဲ့တာကြောင့် နောက်ထပ် ကလေးမမွေးတော့
ဘူးလို့ ဖွင့်ဟပြောဆိုလိုက် ပါပြီ။ သောမတ်စ်ဟာ အသက်(၂၀)အရွယ်မှာ
testosterone ဟိုမုန်းတွေ စတင်ထိုးခဲ့ပြီး သူ့ရဲ့ အသံဟာလည်း မိန်းမအသံ
ပြောင်းသွားခဲ့ပါတယ်။၂၀ဝ၂ခုနှစ်အရောက်မှာတော့သူဟာ မိန်းမမျိုးပွားအင်္ဂါတွေရှိနေတဲ့ ယောကျာ်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ပထမဆုံးသမီးလေးဆူဆန်ကို ၂၀ဝ၇ ခုနှစ်မှာ ကိုယ်ဝန်ဆောင်ခဲ့တာ
ကြောင့် သူနဲ့ဇနီးနန်စီတို့ကို ကမ္ဘာတစ်ဝန်းလုံးက အံ့ဩမဆုံးဖြစ်ခဲ့ရပါတယ်။
နန်စီဟာငယ်စဉ်ကတည်းကသားအိမ်ခွဲထုတ်ခဲ့တာကြောင့် ဆူဆန်ကိုမမွေးခင်ရက်အနည်းငယ်အလိုမှာ ဖြစ် ပေါ်ခဲ့တဲ့ခံစားချက်နဲ့ပတ်သက်ပြီး
သောမတ်စ်က “ကျွန်တော်ဖော်မပြနိုင်လောက်အောင် ဝမ်းသာခဲ့ရပါတယ်။
ဆူဆန် လေး ကျွန်တော့် ဗိုက်ထဲရှိနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင်
မယုံခဲ့ပါဘူး။ ဒါဟာမိသားစုဘဝ တည် ဆောက်ဖို့ ကျွန်တော်နဲ့နန်စီတို့
နှစ်ရှည်လများ မျှော်လင့်ခဲ့ရတဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။
အရီဇိုးနား ပြည်နယ်မှာမိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင် နေတဲ့
သောမတ်စ်ဟာ ကလေးထပ်မယူဘူးလို့ ဆုံးဖြတ်လိုက်ပြီဖြစ်တာကြောင့်
သားအိမ်ကို ခွဲစိတ် ဖယ်ရှားပစ်တောာ့မယ်လို့ သိရပါတယ်......

No comments:

Post a Comment