Saturday, November 26, 2011

ဘုရားကျောင်းဆောင်ရှိ သောက်တော်ရေခွက်အတွင်း ဗုဒ္ဓစွယ်တော်သဏ္ဌာန် ပုံရိပ်ဖြစ်ပေါ်နေပုံတစ်ခု


AddThis Social Bookmark Button
b34_24

ဘုရားကျောင်းဆောင်ရှိ သောက်တော်ရေခွက်အတွင်း ဗုဒ္ဓစွယ်တော်သဏ္ဌာန် ပုံရိပ်ဖြစ်ပေါ်နေပုံတစ်ခုအား တွေ့မြင်ရစဉ်

မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် အပိုင်(၁၀)၊ မဉ္ဇူသကလမ်းအတွင်းရှိ နေအိမ်တစ်အိမ်၌ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှစ၍ ဘုရားစင်သောက်တော် ရေခွက်အတွင်းမှ စွယ်တော်သဏ္ဌာန် ပုံရိပ်တစ်ခုကို စတင်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
''ကျွန်မတစ်သက်မှာ စွယ်တော်ကိုတစ်ခါမှ မဖူးမြော်ဖူးပါဘူး။ ရန်ကုန်ကို စွယ်တော်ရောက်တဲ့သတင်ကြားတော့ သွားဖူးမြော်ချင်တယ်။ ဒါပေမယ့် အိမ်မှာရှိတဲ့ မိသားစုဝင်တွေက ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ဆိုတော့ မအားကြတဲ့အတွက် စွယ်တော်ကိုသွားဖူးဖို့ အချိန်မရနိုင်ဘူး။ ဒါကြောင့် ရန်ကုန်ကိုစွယ်တော် ကြွတဲ့အခမ်းအနားကို ည ၈ နာရီ သတင်း ကြည့်နေချိန်မှာ မီးပျက်သွားလို့ ဘုရားစင်ကို ဖယောင်းတိုင်မီးပူဇော်ပြီး သောက်တော်ရေလဲဖို့ ခွက်ကိုကြည့်လိုက်တော့ ခွက်ထဲမှာ ပုံရိပ်သဏ္ဌာန်တစ်ခုကို တွေ့ရပါတယ်။ အဲဒါနဲ့ အိမ်အနီး ပတ်ဝန်းကျင်ကသူတွေကို လိုက်ပြောလိုက်တဲ့အတွက် လာ ကြည့်ကြတဲ့သူတွေထဲက ဗုဒ္ဓစွယ်တော်မြတ် ကို ဖူးမြော်ဖူးတဲ့သူတွေက အဲဒီပုံရိပ်သဏ္ဌာန်ဟာ ဗုဒ္ဓစွယ်တော်မြတ်နဲ့ တူတယ်လို့ မှတ်ချက်ပေးရာကနေတစ်ဆင့် လာရောက်ဖူးမြော်သူတွေ တဖြည်းဖြည်းများလာပါတယ်'' ဟု စွယ်တော်သဏ္ဌာန်ကို စတင်တွေ့ရှိသော အိမ်ရှင်ဖြစ်သူ မဘိုမ(ခ)မခင်ခင်လှက ပြောပါသည်။
အိမ်နီးချင်းဖြစ်သူ မကြူကြူဝင်းကလည်း ''ကျွန်မကို မဘိုမက ၂၂ ရက်နေ့ ည ၉ နာရီလောက် သူ့အိမ်မှာ အဲဒီဖြစ်စဉ်ဖြစ်နေတဲ့အကြောင်း လာပြောတယ်။ သူ့အိမ်ကို လိုက်သွားကြည့်တော့ ဘုရားစင် သောက်တော် ရေခွက်အတွင်းမှာ စွယ်တော်သဏ္ဌာန် ပုံရိပ်တစ်ခု တွေ့ရတာကြောင့် ထူးခြားတယ်လို့ထင်ရပြီး ကြည်ညိုမိပါတယ်''ဟု ပြောပါသည်။
အဆိုပါ စွယ်တော်သဏ္ဌာန် ပုံရိပ်ပေါ်နေသည့် သောက်တော်ရေခွက်မှာ အချင်းနှစ်လက်မကျော်နှင့် အမြင့်သုံးလက်မရှိပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စွယ်တော်သဏ္ဌာန် ပုံရိပ်၏ ဥာဏ်တော်မှာ အနည်းငယ် မြင့်လာကြောင်း၊ ၎င်းကို ပေါက်ကုန်းရပ်ကွက်ရှိ အောင်သစ္စာပရိယတ္တိစာသင်တိုက်မှ သံဃာတော်ငါးပါးအား ပင့်ဆောင်၍ ဘုရားအနေကဇာတင်ခဲ့ကာ ယင်းဖြစ်စဉ်အား လာရောက်ဖူး မြော်သူ များပြားလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဘုရားဖူးများ အဆင်ပြေစွာ ဖူးမြော်နိုင်ရန်အတွက်လည်း လူအများတန်းစီစောင့်ဆိုင်းနေသော လမ်းထောင့်တွင် ယင်းဖြစ်စဉ်ကို ဗွီဒီယိုရိုက်ထားသည့် မှတ်တမ်းခွေအား ပြသထားကြောင်း တွေ့ရှိရသည်။

No comments:

Post a Comment