Myanmar Thwe
Tuesday, November 29, 2011
Monday, November 28, 2011
ငါးသိန်းတန် မိုဘိုင်းဖုန်း တစ်လုံး ဝယ်ယူမည်ဆိုပါက လက်ငင်း ကျပ်နှစ်သိန်းခွဲ တိတိ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို တစ်လ ကျပ်တစ်သိန်းနှုန်းဖြင့် လေး လတိတိ အရစ်ကျ ပေးသွင်းရမည့် အရစ်ကျစနစ်
ယခု သီတင်းပတ်အတွင်း ပုဂ္ဂလိက
တယ်လီဖုန်းနှင့် ဆက်စပ် ပစ္စည်း အရောင်းဆိုင် များတွင် ကျပ်
ငါးသိန်းတန် မိုဘိုင်းဖုန်းများကို အရစ်ကျ ငွေပေး ချေစနစ်
အမျိုးမျိုးဖြင့် ရောင်းချပေးလျက်ရှိကြောင်း
သိရသည်။ သင်္ဃန်းကျွန်း မြို့နယ် ရှိ ပုဂ္ဂလိက တယ်လီဖုန်း အရောင်း
ဆိုင်တစ်ခုတွင် ငါးသိန်းတန် မိုဘိုင်းဖုန်း တစ်လုံး ဝယ်ယူမည်ဆိုပါက
လက်ငင်း ကျပ်နှစ်သိန်းခွဲ တိတိ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို
တစ်လ ကျပ်တစ်သိန်းနှုန်းဖြင့် လေး လတိတိ အရစ်ကျ ပေးသွင်းရမည်
ဖြစ်ကြောင်း တယ်လီဖုန်းဝယ်ယူရန် သွားရောက် မေးမြန်းခဲ့သူ တစ်ဦးက
Venus News သို့ ပြောသည်။
သူတို့ဆိုင်မှာ ငါးသိန်းတန်
ဖုန်းဝယ်မယ်ဆိုရင် ပိုက်ဆံနှစ် သိန်းငါးသောင်း အရင်စပေါ်တင်
ရမယ်။ ဟန်းဆက်ကတော့ ကိုယ့် ဖာသာ ကြိုက်တဲ့အမျိုးအစားနဲ့
ကြိုက်တဲ့ဈေးနှုန်းနဲ့ ဝယ်နိုင်ပြီး တယ်။ ပြီးတော့ကျန်တဲ့ငွေကို တစ်
လ တစ်သိန်းနှုန်းနဲ့လေးလအရစ် ကျ ခွဲသွင်းရမယ်လို့ ပြောပါတယ်
ဟု ပညာရေးဝန်ထမ်းအမျိုးသမီး တစ်ဦးကရှင်းပြသည်။
အဆိုပါ ပုဂ္ဂလိကတယ်လီဖုန်း
အရောင်းဆိုင်တွင် ကျပ်ငါးသိန်း တန် ဖုန်းကို အရစ်ကျဝယ်ယူမည်
ဆိုပါက တယ်လီဖုန်းတစ်လုံးလျှင် ကျပ်ခြောက်သိန်း ငါးသောင်းကျော်
ကျသင့်မည်ဖြစ်ပြီး အခြားစာရွက် စာတမ်းနှင့် အထောက်အထားတင်
ပြရန်မလိုကြောင်း ဟန်းဆက်ကို လည်း မည်သည့်ဆိုင်တွင်မဆို ဝယ်ယူ
အသုံးပြုနိုင်ကြောင်း အဆို ပါ အမျိုးသမီးက ရှင်းလင်းပြော
ကြားသည်။
အချို့ တယ်လီဖုန်း အရောင်း
ဆိုင်များတွင်မူ ကျပ်ငါးသိန်းတန် မိုဘိုင်းဖုန်း ဝယ်ယူမည်ဆိုပါက
၎င်းတို့ဆိုင်မှ ကျပ်တစ်သိန်းတန် ဟန်းဆက် အမျိုးအစားကို အနည်း
ဆုံးဝယ်ယူအား ပေးရမည်ဖြစ်ပြီး ကနဦး ကျပ် တစ်သိန်းကိုးသောင်း
ခြောက်သောင်းကျပ် ပေးသွင်းရ မည်ဖြစ်သည်။ ကျန်ငွေကို တစ်နှစ်
အတွင်းလစဉ် အရစ်ကျစနစ်ဖြင့် ပေးချေရမည်ဖြစ်သည်။
မိုဘိုင်းဖုန်း ဝယ်မယ်ဆိုရင်
သူတို့ဆိုင်က ဟန်းဆက်ကိုပဲ ဝယ်ရမယ်။ ကျပ်တစ်သိန်းတန် ဟန်း
ဆက်ဝယ်မယ်ဆိုရင် ကျပ်တစ် သိန်း ကိုးသောင်းခြောက်ထောင်
ကျပ်အရင်သွင်းရမယ်။ ဒီတော့ ဟန်းဆက်ဖိုး ကျပ်တစ်သိန်းနဲ့
မိုဘိုင်းဖုန်းတန်ဖိုးကျပ် ငါးသိန်း ပေါင်းတော့ ကျပ်ခြောက်သိန်းထဲက
တစ်သိန်းကိုးသောင်းခြောက် ထောင်နုတ်လိုက်တော့ ကျပ်လေး
သိန်းလေးထောင်ကျန်တယ်။ အဲ့ဒီ ကျန်ငွေကို တစ်နှစ်အရစ်ကျ ဘဏ် မှာ
ပေးသွင်းတယ်၊
တစ်လကို ကျပ်
သုံးသောင်းဝန်းကျင်လောက် သွင်း ရမှာပေါ့ဟု သွားရောက် စုံစမ်းခဲ့သူ
တစ်ဦးက ပြောသည်။ အဆိုပါ မိုဘိုင်းဖုန်း အရောင်း ဆိုင်ကြီး
များတွင် ကျပ်ငါးသိန်း တန် ဖုန်းများကို အရစ်ကျငွေပေး
ချေစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက ၄င်းတယ်လီဖုန်းအရောင်းဆိုင်ကြီး
များနှင့် ချိတ်ဆက်ထားသည့် ပုဂ္ဂ လိကဘဏ်တွင် ဘဏ်ငွေစာရင်း
ဖွင့်လှစ်ထားသူ တစ်ဦး၏ တာဝန် ယူကြောင်း ထောက်ခံချက်၊ တယ်
လီဖုန်းဝယ်ယူလိုသူ၏ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ များ
လိုအပ်မည်ဖြစ်ကြောင်း သိရ သည်။
ဘာပဲပြောပြော လူလတ်
တန်းစားတွေအတွက်တော့ အဆင် ပြေနိုင်တဲ့ အစီအစဉ်တစ်ခုပါပဲ။
ကျွန်တော်တို့လို ပွဲစားတွေအတွက် တယ်လီဖုန်းက မရှိမဖြစ် လိုအပ်
တော့ အရင်က တစ်လ သုံးလေး သောင်းပေးပြီး ငှားရမ်းသုံးစွဲရ တယ်။
အခုလိုအရစ်ကျရောင်း တော့ ခြိုးခြံချွေတာပြီး ကိုယ်ပိုင်
ဝယ်နိုင်တာပေါ့။ ဒါပေမယ့် ဒီထက် ပိုပြီးတော့ ဈေးနှုန်းသက်သာအောင်
အဆင် ပြေလွယ်ကူအောင် ဝယ်ယူ ခွင့်ပေးရင် ပြည်သူလူထုတွေ ပိုပြီး
အဆင်ပြေနိုင်ပါလိမ့်မယ်ဟု အိမ်ခြံ မြေ ပွဲစားတစ်ဦးက ပြောသည်။
ကွန်ပျူတာအချိန်ကြာမြင့်စွာအသုံးပြု၍ မျက်လုံးနာခြင်း
ကွန်ပျူတာအချိန်ကြာမြင့်စွာအသုံးပြု၍ မျက်လုံးနာခြင်း၊ မျက်အိမ် အတွင်းမှာ
ရေကြည်များကုန်ခမ်းတတ်ပါတယ်။ ဒီနာကျင်မှုကိုတော့ CVS (Computer Vision
Syndrome)
လို့ခေါ်ပြီး မျက်လုံးအနား မပေးဘဲ ကွန်ပျူတာကို ကြာရှည်အသုံးပြုနေလျှင်
ဖြစ်တတ်သည်။ ဒီနည်း ကတော့ သင်၏မျက်လုံးကို ကာကွယ်ပေးမယ်။ အင်တာနက်မှတစ်ဆင့်
သင်၏ကွန်ပျူတာထံသို့ သတိပေးမှာဖြစ်ပါတယ်။ သူက အနားယူဖို့အချိန်
တစ်ခုပေးပြီး သူနှင့်အတူ မျက်လုံးလေ့ကျင့်ခန်းအတူပြုလုပ်လာမှာပါ။
အသုံးပြုနိုင်တbrowser တွေကတော့ Chromeနဲ့ Firefox တို့မှာ ပဲ
အသုံးပြုလို့ရပါတယ်။ စပြီးအသုံးပြုတော့မှာဆိုရင် www.protect
yourvision.org ကိုသွားပါ။ ပြီးလျှင် စက်ရုပ်EVOလေးကစပြီး အလုပ်လုပ်ပါမယ်။
Start Evo နှိပ်ပေးပါ။ Slect mode နေရာတငွ် ၂၀-၂၀-၂၀ နဲ့ ၆၀-၅
ဆိုပြီးတွေ့မှာပါ။ ၂၀-၂၀-၂၀ ကတော့ မိနစ် ၂၀ ပြီး တစ်ခါ စက္ကန့် ၂၀
မျက်လုံးကို အနားပေးမှာပါ။ ၆၀-၅ ကတော့ ၁ နာရီ ပြီးတစ်ခါ ၅ မိနစ်
မျက်လုံးကို အနားပေးမှာပါ။ ပြီးလျှင် eye Gymu
ဆိုတဲ့မျက်လုံးလေ့ကျင့်ခန်းမှစမှပါ။ သူကတော့ သူ့လုပ်နည်း အချန်ကို ဖတ်ြပီး
ပြီး စက်ရုပ် EVOရဲ့မျက်လုံးလေး အတိုင်းလုပ်ပေးရုံဖြင့် စက်ရုပ်လေးက
သင့်ကို သင်ကြားပေးမှာပါ။ အားလုံးပဲ ကျန်းမာကြပါ စေ...။
Saturday, November 26, 2011
CDMA 800MHz ဖုန်းလိုင်းကတ်များ ရန်ကုန်မြို့အတွက် ထပ်မံချထားပေးသည့် သတ်မှတ်အလုံးရေ တစ်သောင်းပြည့်မီသွားသည့်အတွက် ထပ်မံချထားပေးခြင်း မရှိတော့ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား
CDMA 800MHz ဖုန်းလိုင်းကတ်များ ရန်ကုန်မြို့အတွက် ထပ်မံချထားပေးသည့်
သတ်မှတ်အလုံးရေ တစ်သောင်းပြည့်မီသွားသည့်အတွက် ထပ်မံချထားပေးခြင်း
မရှိတော့ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ
သိရသည်။
အဆိုပါ CDMA 800MHz နှင့် 450 MHz ဖုန်းလိုင်းကတ်များအား စက်တင်ဘာလ ၃၀ရက်နေ့၌ ရန်ကုန်မြို့အပါအ၀င် နယ်ဒေသများ၌ ထပ်မံချထားပေးခဲ့ခြင်းဖြစ်ပြီး One Stop Service စနစ်ဖြင့် အောက်တိုဘာလ ၄ ရက်နေ့တွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလိမိတက်၊ Elite Tech နှင့် Asia Mega Link တို့မှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
''အခုတစ်ခေါက် CDMA 800MHz တွေ ပြန်ချပေးတဲ့အထဲမှာ ရန်ကုန်ကို အများကြီးထပ်မချပေးပါဘူး။ အလုံးရေတစ်သောင်း သတ်မှတ်ထားပေမယ့် တစ်သောင်းကျော်တောင် ထပ်ချပေးခဲ့တာပါ။ အဓိကက အခုတစ်ခေါက် နယ်တွေကိုပဲ ဦးစားပေးပြီး ချပေးတာပါ။ နယ်တစ်မြို့စီကို ပျမ်းမျှ အလုံးရေ ၃၀၀၀၊ ၅၀၀၀ နီးပါးချပေးနေပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ CDMA 800MHz ဖုန်းများအား မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ ပြည်၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်မြို့များတွင် ၎င်း 800MHz ကွန်ရက်ဖြင့်ပင် အောက်တိုဘာလမှ စတင်အသုံးပြုနိုင်ခဲ့ပြီး အခြားနယ်မြို့များတွင်မူ CDMA 450MHz ကွန်ရက် သုံး ဟန်းဆက်များဖြင့် 800MHz Sim Card ကို လဲလှယ်အသုံးပြုနိုင် သည်ဟု သိရသည်။

မိချောင်းတွေ့ပြန်ပြီ
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို
နိုဝင်ဘာ၂၄ရက် ညနေ ၄နာရီခွဲ အချိန်တွင် တွေ့ရစဉ်
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို
နိုဝင်ဘာ၂၄ရက် ညနေ ၄နာရီခွဲ အချိန်တွင် တွေ့ရစဉ်
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို
လာရောက်ကြည့်ရှု့နေသူများအား တွေ့ရစဉ်
ငမိုးရိပ်ချောင်းအတွင်း အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက မိကျောင်းတစ်ကောင်အား ဖမ်းဆီးရမိပြီးနောက် တစ်လနီးပါးအကြာ နိုဝင်ဘာလ ၂၄ ရက်နေ့က မိကျောင်းတစ်ကောင်အား အဆိုပါ ချောင်းအတွင်း၌ ထပ်မံတွေ့ရှိနေရကြောင်း သတင်းရရှိသည်။
ပထမအကြိမ် ဖမ်းဆီးမိခဲ့သည့် မိကျောင်းမှာ ၁၀ ပေခန့် အရွယ်ရှိပြီး ယခုထပ်မံတွေ့ရှိရသည့် မိကျောင်းမှာလည်း ပထမအကြိမ်ထက် အရွယ်အစားပိုကြီးကြောင်း တွေ့ရှိရသည်။
ယခုဒုတိယအကြိမ် တွေ့ရှိနေရသည့် မိကျောင်းမှာ ငမိုးရိပ်တံတား ဒဂုံမြို့သစ် (တောင်ပိုင်း) အတွင်းရှိ ငမိုးရိပ်ချောင်းအနီး ပတ်ဝန်းကျင်တွင် သွားလာနေသည်ကို တွေ့ရှိရသည်။
ငမိုးရိပ်တံတား(တောင်ဒဂုံ) ဘက်ခြမ်းတွင် တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကလည်း "ကျွန်တော် အဲဒီ မိကျောင်းကို တွေ့နေရတာ ၄ ရက် ရှိပါပြီ။ ချောင်းထဲမှာ မိကျောင်းနှစ်ကောင်ရှိတယ်လို့ ထင်ပါတယ်။ တစ်ကောင်က တော်တော်ကြီးတယ်။ တစ်ကောင်ကတော့ လေးပေလောက်ဘဲရှိတဲ့ မိကျောင်းကိုတွေ့ရပါတယ်" ဟု ၄င်း၏မြင်တွေ့မှုအပေါ်ကို ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါချောင်းအနီးတွင် နေထိုင်သူအမျိုးသမီးတစ်ဦးကလည်း "ကျွန်မက နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ကန်စွန်းစိုက်ခင်းကနေ ပြန်အလာမှာ ငမိုးရိပ်ချောင်း ကမ်းနားမှာ အဲဒီမိကျောင်းကြီး တစ်ကောင်ကို တွေ့ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
ယခုအကြိမ် ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော အဆိုပါ မိကျောင်းအား ဖမ်းဆီးရမိရန်အတွက် ၄င်းချောင်းအနီးတွင် နေထိုင်သူအချို့မှ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွှဲပိုင်း၁နာရီအချိန်မှ ညပိုင်းအချိန်အထိ ဖမ်းဆီးမိရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ပထမအကြိမ် ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော ၁၀ ပေ အရွယ်ရှိ မိကျောင်းကိုလည်း အောက်တိုဘာလ ၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းက ရေယာဉ်လုပ်သား သုံးဦးက
ဖမ်းဆီးမိခဲ့ကြောင်း သိရှိရသည်။ ယခုအကြိမ်တွင်လည်း မိကျောင်းကို ဖမ်းဆီးရမိရန်အတွက် ချောင်းအနီးအနားတွင် နေထိုင်သည့် ပြည်သူအချို့က ဖမ်းမိရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရသည်။
ငမိုးရိပ်ချောင်းအတွင်း ထပ်မံတွေ့ရှိနေရသည့် မိကျောင်းကို လာရောက်ကြည့်ရှုနေသူ များပြားလျက်ရှိကြောင်း သိရှိရသည်။
ဘုရားကျောင်းဆောင်ရှိ သောက်တော်ရေခွက်အတွင်း ဗုဒ္ဓစွယ်တော်သဏ္ဌာန် ပုံရိပ်ဖြစ်ပေါ်နေပုံတစ်ခု
ဘုရားကျောင်းဆောင်ရှိ သောက်တော်ရေခွက်အတွင်း ဗုဒ္ဓစွယ်တော်သဏ္ဌာန် ပုံရိပ်ဖြစ်ပေါ်နေပုံတစ်ခုအား တွေ့မြင်ရစဉ်
မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် အပိုင်(၁၀)၊ မဉ္ဇူသကလမ်းအတွင်းရှိ နေအိမ်တစ်အိမ်၌ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှစ၍ ဘုရားစင်သောက်တော် ရေခွက်အတွင်းမှ စွယ်တော်သဏ္ဌာန် ပုံရိပ်တစ်ခုကို စတင်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
''ကျွန်မတစ်သက်မှာ စွယ်တော်ကိုတစ်ခါမှ မဖူးမြော်ဖူးပါဘူး။ ရန်ကုန်ကို စွယ်တော်ရောက်တဲ့သတင်ကြားတော့ သွားဖူးမြော်ချင်တယ်။ ဒါပေမယ့် အိမ်မှာရှိတဲ့ မိသားစုဝင်တွေက ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ဆိုတော့ မအားကြတဲ့အတွက် စွယ်တော်ကိုသွားဖူးဖို့ အချိန်မရနိုင်ဘူး။ ဒါကြောင့် ရန်ကုန်ကိုစွယ်တော် ကြွတဲ့အခမ်းအနားကို ည ၈ နာရီ သတင်း ကြည့်နေချိန်မှာ မီးပျက်သွားလို့ ဘုရားစင်ကို ဖယောင်းတိုင်မီးပူဇော်ပြီး သောက်တော်ရေလဲဖို့ ခွက်ကိုကြည့်လိုက်တော့ ခွက်ထဲမှာ ပုံရိပ်သဏ္ဌာန်တစ်ခုကို တွေ့ရပါတယ်။ အဲဒါနဲ့ အိမ်အနီး ပတ်ဝန်းကျင်ကသူတွေကို လိုက်ပြောလိုက်တဲ့အတွက် လာ ကြည့်ကြတဲ့သူတွေထဲက ဗုဒ္ဓစွယ်တော်မြတ် ကို ဖူးမြော်ဖူးတဲ့သူတွေက အဲဒီပုံရိပ်သဏ္ဌာန်ဟာ ဗုဒ္ဓစွယ်တော်မြတ်နဲ့ တူတယ်လို့ မှတ်ချက်ပေးရာကနေတစ်ဆင့် လာရောက်ဖူးမြော်သူတွေ တဖြည်းဖြည်းများလာပါတယ်'' ဟု စွယ်တော်သဏ္ဌာန်ကို စတင်တွေ့ရှိသော အိမ်ရှင်ဖြစ်သူ မဘိုမ(ခ)မခင်ခင်လှက ပြောပါသည်။
အိမ်နီးချင်းဖြစ်သူ မကြူကြူဝင်းကလည်း ''ကျွန်မကို မဘိုမက ၂၂ ရက်နေ့ ည ၉ နာရီလောက် သူ့အိမ်မှာ အဲဒီဖြစ်စဉ်ဖြစ်နေတဲ့အကြောင်း လာပြောတယ်။ သူ့အိမ်ကို လိုက်သွားကြည့်တော့ ဘုရားစင် သောက်တော် ရေခွက်အတွင်းမှာ စွယ်တော်သဏ္ဌာန် ပုံရိပ်တစ်ခု တွေ့ရတာကြောင့် ထူးခြားတယ်လို့ထင်ရပြီး ကြည်ညိုမိပါတယ်''ဟု ပြောပါသည်။
အဆိုပါ စွယ်တော်သဏ္ဌာန် ပုံရိပ်ပေါ်နေသည့် သောက်တော်ရေခွက်မှာ အချင်းနှစ်လက်မကျော်နှင့် အမြင့်သုံးလက်မရှိပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စွယ်တော်သဏ္ဌာန် ပုံရိပ်၏ ဥာဏ်တော်မှာ အနည်းငယ် မြင့်လာကြောင်း၊ ၎င်းကို ပေါက်ကုန်းရပ်ကွက်ရှိ အောင်သစ္စာပရိယတ္တိစာသင်တိုက်မှ သံဃာတော်ငါးပါးအား ပင့်ဆောင်၍ ဘုရားအနေကဇာတင်ခဲ့ကာ ယင်းဖြစ်စဉ်အား လာရောက်ဖူး မြော်သူ များပြားလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဘုရားဖူးများ အဆင်ပြေစွာ ဖူးမြော်နိုင်ရန်အတွက်လည်း လူအများတန်းစီစောင့်ဆိုင်းနေသော လမ်းထောင့်တွင် ယင်းဖြစ်စဉ်ကို ဗွီဒီယိုရိုက်ထားသည့် မှတ်တမ်းခွေအား ပြသထားကြောင်း တွေ့ရှိရသည်။
Friday, November 25, 2011
တောက်တဲ့နှင့်ပတ်သက်၍ စုဆောင်းထားသမျှ
တောက်တဲ့သည် HIV နှင့် ကင်ဆာရောဂါ ကုသရာတွင် အထောက်အကူပြုသည်ဆိုသည့် အထောက်အထားတွေ့ရှိခြင်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်
တောက်တဲ့သည် HIV နှင့် ကင်ဆာရောဂါ ကုသရာတွင် အထောက်အကူပြုသည်ဆိုသည့်
အထောက်အထားတွေ့ရှိခြင်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ
ထုတ်ပြန်ကြေငြာသည်။
တောက်တဲ့များသည် HIV နှင့် ကင်ဆာရောဂါ ပျောက်ကင်းအောင် ကုသနိုင်သည်ဆိုသည်မှာ လှည့်ဖျားမှုသာ ဖြစ်ကြောင်း၊ ထိုသတင်းကို လူအချို့က မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် ကောလဟာလထုတ်လွှင့်ကာ တောက်တဲ့ကို ငွေ အမြောက်အမြားပေး၍ ၀ယ်ယူစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ ပျောက်ကင်းသွားသည့် အထောက်အထား မတွေ့ရှိရသေးကြောင်း၊ ဤသို့သော ကောလဟာလ ထုတ်လွှင့်ခြင်းသည် ကောင်းသော လုပ်ဆောင်ချက်မဟုတ်ကြောင်း၊ တောက်တဲ့ကို ထိတွေ့ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို သုတေသနပြုထားသည့် သတင်း အချက်အလက်များလည်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က၎င်း၏ facebook page တွင် ထုတ်ပြန်ထားသည်။ အဆိုပါကြေငြာချက်တွင် HIV နှင့် ပတ်သက်၍ အမေးများသည့် မေးခွန်းများအတွက် ဖြေဆိုချက်များကို ဖော်ပြထားသည့် link ကိုပါထည့်သွင်းထားသည်။ ယခုသတင်းကိုလည်း လက်ဆင့်ကမ်းကြရန် နှိုးဆော်ထားသည်။
မူရင်း ကြေငြာချက်ကို အောက်ပါ link တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://www.facebook.com/WorldHealthOrganization

တောက်တဲ့များအား အစုအပြုံလိုက် ဖမ်းဆီးရောင်းချခြင်းကို သတိထား တားမြစ်သင့်
ရခိုင်ပြည်နယ်အတွင်း တောက်တဲ့များအား အစုအပြုံလိုက်
ဖမ်းဆီးရောင်းချခြင်းကို သတိထား တားမြစ်သင့်ကြောင်းနှင့် သဘာဝအလျောက်
ပေါက်ဖွားကြီးပြင်းသော တောက်တဲ့များအား ဖမ်းဆီးခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ
ပျက်စီးမှုနှင့်ဆက်နွှယ်မှု ရှိမရှိကို လေ့လာသင့်ကြောင်း ဒေသခံများက
သုံးသပ်ပြောကြားသည်။
လက်ရှိ အနေအထားတွင် နေရာ ဒေသလိုက်ပြီး ဈေးနှုန်းကွာခြားခြင်းများ ရှိသည့်တိုင် ရောင်းချမှုများ၊ ၀ယ်ယူမှုများ ရှိနေကြောင်း၊ သို့သော်လည်း တောက်တဲ့တစ်ကောင်လျှင် ကျပ်သိန်းသုံးလေးဆယ် ပေးမည်ဟူသော
မက်လုံးများသည် တောက်တဲ့ များ အစုအပြုံလိုက် သေဆုံးစေသော အကြောင်းအရာများ ဖြစ်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
''ရောင်းတန်းဝင်တောက်တဲ့ ဆိုတာက နှစ်ဆယ်သား၊ အစိတ်သား အလေးချိန်ရှိတဲ့ အကောင်ကြီးတွေပါ။ ဒါပေမယ့် အခုက တောက်တဲ့လို့ အသံကြားလိုက်တာနဲ့ ဖမ်းလာကြတယ်။ ဘယ်မှာ ရောင်းမလဲဆိုတာ မသိဘူး။
ဘယ်မှာဝယ်တယ်ဆိုတာ မသိဘူး။ ကြာလာတော့ တချို့တောက်တဲ့တွေဟာ သေဆုံးသွားကြတာတွေ ရှိတယ်။ ဒါဟာ တောက်တဲ့မျိုး ပြုန်းစေနိုင်တဲ့ လုပ်ရပ်မို့ တားဆီးဖို့ လိုပြီလို့ ထင်ပါတယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာချက်တွေကိုလည်း ထည့်တွက်ပြုလုပ်သင့်ပါတယ်''ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
တောက်တဲ့များကို ရောင်းချရာတွင် ငါးကျပ်သားအရွယ်မှ စတင် ပြီး ရောင်းချကြလေ့ ရှိသော်လည်း ယင်းသို့ အကောင်သေးများကို ၀ယ်ယူသူ လွန်စွာရှားပါးကြောင်း၊ ရောင်း၍ မရနိုင်သော တောက်တဲ့များအား ပြန်လည်
လွှတ်သင့်ကြောင်း ဒေသခံများ က သုံးသပ်ပါသည်။ တောက်တဲ့များကို တန်ဖိုးကြီး ဇီဝဆေးတစ်မျိုး ဖော်စပ်ရာတွင် အသုံးပြုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဓိက ၀ယ်ယူလျက် ရှိကြောင်း သိရှိရသည်။
''အဓိကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တင်ပို့ရောင်းချတာပါ။ ဒါပေမယ့် ရောင်းတန်းဝင် အရွယ်အစားက တောက်တဲ့ အကောင်တစ်ထောင်မှာ တစ်ကောင်တောင် တွေ့ရဖို့ မလွယ်ဘူး။ အခုဆို တောက်တဲ့တွေကို လွယ်လင့်တကူ မရတော့ဘူး။တောက်တဲ့ အသေးတွေကို ဖမ်းဆီးရောင်းချတာကို သတိပေး တားမြစ်သင့်ပါတယ်''ဟု ပေါက်တောမြို့နယ်မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများနှင့် သထုံခရိုင် ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် တောက်တဲ့များကို ဈေးကောင်းပေးကာ စုဆောင်း ၀ယ်ယူမှု ရှိနေ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ရှိ
ကျေးရွာများနှင့် သထုံခရိုင် ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင်
တောက်တဲ့များကို ဈေးကောင်းပေးကာ စုဆောင်း ၀ယ်ယူမှု ရှိနေကြောင်း
ဒေသခံများမှ သိရှိရသည်။
''ရွာမှာတောက်တဲ့တွေ လိုက်ဝယ်ပြီး တရုတ်၊ ထိုင်း၊ မလေးကို ပို့နေတဲ့သူ ရှိပါတယ်။ ကျပ် နှစ်ဆယ်သားလောက်ရှိ တောက်တဲ့ ဆိုရင် ကျပ် ၁၀သိန်းလောက် ဈေးပေးပြီး လေးဆယ်သားအထက်ကျော်ရင် သိန်းနှစ်ရာလောက်ထိ ပေးမယ်လို့ ဆိုပါတယ်။ ရွာမှာက အရင်က တောက်တဲ့ ဆိုရင် သူ့ရဲ့မစင်က အဆိပ်ဆိုတော့ တွေ့ရင် သတ်ပစ်လိုက်တာ များတယ်။ အခုဆိုရင် တောက်တဲ့ တွေ့ရင် ၀ယ်သူကို ခေါ်လိုက်ကြတယ်။ ကိုယ်တိုင် ဖမ်းပေးရင်လည်း ရတယ်၊သူ့ဟာသူဖမ်းရင် ဖမ်းခ နှုတ်ပြီး ငွေပေးပါတယ်။ တရုတ်ဘက်က အရှင်ပဲ ယူပြီး ထိုင်း၊ မလေးကျတော့ အသေလည်း ယူတယ်လို့ ဆိုပါတယ်၊ တောက်တဲ့ အလေးချိန်ကိုတော့ နေရှင်နယ် သံဓာတ်ခဲနဲ့ပဲ ချိန်ပါတယ်။သူ့အတွက် ပိုယူထားပါတယ်၊ သူက ရန်ကုန်ကိုသယ်ရင် အလေးချိန်လျော့ပြီး ငွေရနည်းတာမျိုး ဖြစ်မှာစိုးလို့ ထင်တယ်။ ဒီမှာတောက်တဲ့ကို ဘာမှအသုံးမပြုနိုင်တော့ ခုလို ငွေပေါ်လာဝယ်သူကို ရောင်းနေတော့ တောက်တဲ့တောင် အတော် နည်းကုန်ပြီ''ဟု ဘီလူးကျွန်း သံလွင်မြစ်ကမ်းရွာ နေသူတစ်ဦးက ပြောသည်။
အလားတူ ပေါင်မြို့နယ် မုတ္တမတွင်လည်း ဘုရားဟောင်း၊ ကျောင်းဟောင်း၊ ဇရပ်အိုများရှိ တောက်တဲ့များကို ဖမ်းယူ ရောင်းချမှု ရှိနေကြောင်း သိရှိရပါသည်။တောက်တဲ့၏ အမြီး၊ ဦးခေါင်း တို့မှ အဆီထုတ်ကာ အိပ်ခ်ျအိုင်ဗွီ၊ ကင်ဆာရောဂါ ကုထုံးများတွင် သုံးစွဲလျက် ရှိသောကြောင့် ယခုကဲ့သို့ ဈေးကောင်းပေး ၀ယ်ယူခြင်း ဖြစ်ကြောင်း၊ တောက်တဲ့ရောင်းဝယ် သယ်ဆောင်မှုနှင့် ပတ်သက်၍ ကန့်သတ်ထားသည့် ဥပဒေ၊ စည်းကမ်းများ ရှိပါက အများပြည်သူ သိရှိနိုင်ရန် ပညာရှင်များ အနေဖြင့် ဖော်ထုတ် တင်ပြသင့်ကြောင်း၊ တောက်တဲ့ရောင်းဝယ်မှုများ ကာလအတော်အတန်ကြာ ဖြစ်ပေါ်နေသည့် အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွက် အန္တရာယ်ရှိမည် ဆိုပါက ကြိုတင် တားဆီးမှုများကို သိသာ ထင်ရှားစွာ အသိပေးသင့်ကြောင်း လေ့လာသူတစ်ဦးက ပြောပါသည်။

တောက်တဲ့မျိုးသုဉ်းမည့်အန္တရာယ်
တောက်တဲ့လျာနှင့် ကိုယ်တွင်းအင်္ဂါများကို စားသုံးခြင်းသည် အိတ်ခ်ျအိုင်ဗွီကို ကုသနိုင်သည်ဟု အမွှမ်းတင် ရေးသားပြောဆိုမှုများကြောင့် တောက်တဲ့ကို စားသုံးမှု သိသိသာသာ မြင့်တက်စေခဲ့ကြောင်း Traffic Southeast Asia (TSA) အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ရောဂါပျောက်သည်ဆိုသော ပြောဆိုမှုများသည် ချဲ့ကားထားသော လှိမ့်လုံးများဖြစ်ကြောင်း (TSA)က ပြောကြားခဲ့သည်။ အိတ်ခ်ျအိုင်ဗွီနှင့် ပန်းသေမှုအား တောက်တဲ့သုံး၍ ကုသခြင်းသည် လူနာကို အန္တရာယ်ဖြစ်စေကြောင်း ဖိလစ်ပိုင်အစိုးရက ဇူလိုင်လတွင် သတိပေးခဲ့သည်။ ဆီးချို၊ ပန်းနာရောဂါ ၊ အရေပြားရောဂါနှင့် ကင်ဆာတို့ကဲ့သို့ ရောဂါများအတွက် တောက်တဲ့ကို တိုင်းရင်းဆေးအဖြစ် အာရှတွင် သုံးစွဲနေသည်မှာ ကြာပြီဖြစ်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။
တောက်တဲ့အသေများကို အခြောက်ခံကာ အမှုန့်လုပ်၍ စားသုံးကြသည်။ အချို့အာရှနိုင်ငံများတွင် စွမ်းအားမြှင့်တင်ရေးအတွက် တောက်တဲ့ကို ၀ိုင်နှင့် ၀ီစကီလုပ်ကာ သောက်သုံးကြသည်။ အာရှတွင် တောက်တဲ့ ကုန်သွယ်မှု၌ မလေးရှားသည် ဗဟိုချက်ဖြစ်လာနေသည်။ ကမ္ဘောဒီးယား၌ တောက်တဲ့ ၁၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ရာ မလေးရှားသို့ တင်ပို့မည်ဟု ယုံကြည်ရသည်။
Subscribe to:
Comments (Atom)